Friday 29 August 2014

Pin It

Widgets

ဆောင်းတွင်းမှာ အသားအရေ ထိန်းသိမ်းဖို့...။

ဆောင်းတွင်း အအေးဒဏ် ကို ကြံ့ ကြံ့ ခံမဲ့ အသားအရေ ဖြစ်အောင်.... အစားအသောက် အနေအထိုင် နဲ့ အလှပြင် ပစ္စည်း အမျိုးအစား တွေကို ပြောင်းလဲ ရင်း... ပြုပြင် လို့ ရ၏။

အေး တဲ့ အချိန်ဆို လေဓဏ်၊ နေဒဏ်၊ နှင်းဒဏ် နဲ့ အပူ အအေး အပြောင်းအလဲ တွေ များလွန်းလို့၊ အသားပတ်ခြင်း၊ အသားအရေ ခမ်းခြောက် ခြင်း ၊ နှုတ်ခမ်း ကွဲခြင်း... များ ဖြစ် စေနိုင်ပါတယ်။

အဲ့တော့... လိုအပ်တဲ့ ထိန်းသိမ်း ဆောင့် ရှောက် မှု လေးတွေကို သေချာ လုပ်ပေး မှ စိုပြေ ပြီး ကျန်းမာ တဲ့ အသားအရေ ကို ထိန်း ထားနိုင်မှာပါ....။

၁။ အဆီ ဓါတ် နဲ့ အစို ဓါတ်များ ကို ထိန်း ထားပါ။

ဆောင်းတွင်း ဆို.. အဆီ ဓါတ် ခမ်းခြောက် တတ်ပါတယ်...။ အဲ့တော့ အဆီ ဓါတ် ပါတဲ့ အစိအဆံ ( ဥပမာ။ နေကြာစိ) ကို မကြာခန စားပေးပါ။ ရေကို များများ သောက်ပါ။ အရည် ရွှမ်းတဲ့ သစ်သီးများကို အချိုမုန့်တွေအစား များများ ပို စားပေးပါ။

အသားအရေ အတွက် အဓိက လိုအပ်တဲ့ ဓါတ်တွေက.....

ဗီတာမင် အေ၊ ဘီ ၊ အီး ၊ သံဓါတ် နဲ့ မက်ရနီဆီယမ် ဓါတ် တွေပဲ ဖြစ်ပါတယ်။

ဗီတာမင် အေ၊ ဘီ စီ ပါဝင်တဲ့ အစားအစာများ ။ ။

သစ်သီး

ပန်းသီး ၊ ငှက်ပျော သီး ၊ ဇီးသီး၊ စပျစ်သီး၊ လိမ္မော် သီး ၊ သံပုရာသီး၊ သရက်သီး။ သင်္ဘောသီး၊ စတော်ဘယ်ရီ၊ ဖရဲသီး၊ ထောပတ်သီး..အစရှိသဖြင့်..။
ဟင်းသီးအရွက်


ဂေါ်ဖီ၊ မုန်လာဥနီ၊ဖြူ ၊ ပြောင်းဖူး ၊သခွားသီး ၊အစိမ်းရောင်နဲ့အနီရောင် ငရုတ်သီး အကြီး၊ မှို ၊ သံလွင်သီး ၊ ကြက်သွန်နီ နဲ့ ဖြူ (ကြက်သွန်ဖြူကို များများ စားရင် ရင်သားကင်ဆာကို ကာကွယ်တယ်။ ) ၊ အာလူး၊


၂။ အဆီဓါတ် ပါတဲ့ မျက်နှာ လိမ်းခရင်မ် ကို နေ့တိုင်း မိတ်ကပ်၊ သနပ်ခါး အောက်ခံ အဖြစ်လိမ်းပေးပါ။ မြန်မာ ပြည်ဆိုရင်တော့ စနိုး လိမ်းတဲ့သူများတယ် နဲ့တူတယ်။ မျက်နှာ မှ မဟုတ်ပါဘူး.. နှုတ်ခမ်းတို့ လက်တို့ ကိုလည်း လိမ်းပေးနိုင်ပါတယ်။

၃။ အပြင်ထွက် သွားလာ နေရတဲ့သူတွေက မျက်နှာအတွက် နေလောင်ဒဏ်ခံ ခရင်မ် တွေကို အနည်းဆုံး SPF 30 ပါတဲ့ အမျိုးအစားကို ရွေး လိမ်းပါ။ ( ပူတဲ့ ရာ သီ ဆိုရင် SPF 15 လောက်က ပုံ မှန်ပါ။ ) ၄။ အသားပတ် တဲ့နေရာတွေကို ကုတ်ဖဲ့ ခြင်းမလုပ်ပါနဲ့...။ ရေလေး စွတ်ပေးထားလိုပ်ပါ။ ဒါမှမဟုတ် ခရင်မ် လေး ချက်ချင်း လိမ်းပေး ပါ။ ၅။ ပေါင်းတင်ခြင်းကို တစ်ပတ် နှစ်ခါ လုပ်ပေးပါ။

ပေါင်းတင်ဖို့ အတွက်။ ။

သကြား တစ်ဇွန်း ၊ လက်ဖက်ရည်စိမ်းကြမ်း အရည် (greentea) တဇွန်း သို့မဟုတ် ရှောက်ချိုရေ၊ သို့ မဟုတ် ထောပတ်သီး အရည် တစ် ဇွန်း၊ နောက်....
၁) အညစ်အကြေး သန့်စင်ဖို့ ဆို သံပုရာ ရည်
၂) အဆီဓါတ် ရအောင်ဆို.... ပျားရည် တို့ကို အနည်းငယ် ဆီ ထည့် မွှေပြီး မျက်နှာ အနှံ့ သုတ်လိမ်း ပြီး ၁၀ မိနစ်ခန့်ထားပါ၊ နောက်.. ရေ နဲ့ စင်အောင် ဆေးကြော လိုက်ပါ။

“ လက်ဖက်စိမ်း က ကိုယ်ခန္ဒာ ကျန်းမာ ရေးအတွက် ကောင်းစေသလို... အသားအရေ အတွက်လည်း ကောင်းစေပါတယ်။ နေ့စဉ် သောက်သုံး နိုင်သလို.. အသားပေါ်လဲ သုတ်လိမ်းပေးလို့ ရနိုင်ပါတယ်။
လက်ဖက်စိမ်း မှာ အသားအရေအတွက် အဓိက ကျတဲ့ အန်တီအောက်စီဒင့် အများအပြား ပါဝင်လို့...

အရွယ်တင်ခြင်း၊ အားဖြည့်ပေးခြင်း နဲ့ ပျက်စီးနေတဲ့ အသားအရေတွေကို ပြုပြင် ပေး နိုင်ပါတယ်။ ”




“ သကြား ကတော့ အရေပြားမှာ သေနေတဲ့ ဆဲလ် တွေကို ဖယ်ရှားပေးပြီး၊ ဆဲလ် အသစ်တွေကို အစားထိုး ပေးနိုင်တယ်၊ ပို ကျန်းမာပြီး နုပျိုစေတယ်၊ သကြားကို အညစ်အကြေး သန့်စင်ဖို့ရော၊ ၀က်ခြံတွေ သန့်စင်ဖို့ရော၊ အမာရွတ်တွေ ပါးပြီး ပျောက်သွား စေဖို့ရော... အသုံးပြုနိုင်ပါတယ်။ အဲ့တာကြောင့် ပေါင်းတင် မယ်ဆို သကြားလေးကို အမြဲ ထည့်ပေးရင် ပို ကောင်းပါတယ်။ ”


Hope you enjoy it ^^

No comments:

Post a Comment