Monday 1 September 2014

Pin It

Widgets

Samsung Note 2 GT-N 7100 Android Version 4.3 မှာ မြန်မာစာ 100% မှန်ပြီ




အဖြစ်က သည်လိုပါ  Note 2.... Version 4.3 ... N 7100 လေးပါဘဲ..
အတော် ဒုက္ခပေးတဲ့ ဖုန်းပါ.. မြန်မာဖေါင့်မရလို့  တိုင်ပါတ်နေတာ ၂ ရက် ၂ ည ရှိခဲ့ပါပြီ..
......   ဖြစ်တဲ့ ပြဿနာကတော့...............

 သည်လို ပေါ်လာပြီး root ဘဲလုပ်လုပ် font changer ဘဲထည့်ထည့်  မအောင်မြင်ဖြစ်နေပါတယ်.

ဖုန်းမှာ ပထမ Root ဘယ်လိုမှ လုပ်မရတဲ့ပြသနာပါ... လုပ်တာနဲ့
Security  Notice  ဘောက်ကျလာလာပြီး  Root မအောင်ဖြစ်လာပါတယ်... အဆိုးဆုံးကတော့ဗျာ..
Root မအောင်မှတော့ Font Changer လည်းသုံးမရပေါ့.. နောက် ဘယ်လိုမှ မတွေ့ကြုံဘူးတဲ့  ပြသနာလေး တစ်ခုပါ  သူကတော့ ကျွန်တော်တို့ သာမာန်ဆို မြန်မာဖေါင့်ကို
Samaung တွေတိုင်းလိုလို Zawgyi One TTF ဆိုတာလေးကို Display..Fontstyle ကနေ ၀င်ချိန်းတာနဲ့
ရကြတာချည်းပါဘဲ  ကျွန်တော့် ဖုန်းအဖြစ်က ဆန်းကျယ်တယ်  အဲတာ ချိန်းမရဖြစ်တယ်ဗျာ...

 သည်ပုံကတော့ root မအောင်မြင်တာဘဲနော်....
နောက်ချိသေးတယ် zawgyi one ttf ချိန်းတဲ့ခါ ချိန်းမရတာလေ...ပြမယ်...
ချိန်းမရဘဲ သူက Uninstall ဘဲလုပ်ခိုင်းနေတာလေ... ပြဿနာကအဲတာလေ...

အဲတော့ ဘယ်လိုမှ မြန်မာစာမပေါ်နိုင်တော့တာပေါ့....
နည်းလမ်းအတော် စုံပါတယ်  ဗျ...
ပထမ..... ဖန်ဝဲလ်ပြန်တင်တယ်... Root ကြည့်တယ်.. မအောင်မြင်ခဲ့ဘူး...
ဒုတိယ... CWM သွင်းပြီး Install Zip From SD Card လုပ်ပြီး Flash လုပ်ကြည့်တယ်..
             နောက်  SSOT_LGNPACKnFontKB.zip  ထည့်ကြည့်တယ်....

သည်လိုနည်းလမ်တွေတင်မက  တခြားနည်းလမ်းများစွာ သုံးပြီး လုပ်ပါတယ် မရပါဘူးးးးး  နောက်တော့
လုပ်ရင်းနဲ့ R00t အောင်မြင်သွားတယ်...
မြန်မာစာတွေကလည်း တခုမှ မမြင်ရတော့ဘူး.... ကျွန်တော် တင်တဲ့ ဖန်ဝဲလ် မှာကို myanmar(zawgyi)
ဆိုတာ အော်တိုပါလာပါတယ်.. ဒါပေမယ့် ဘယ်လိုမှ မမြင်ရပါဘူး ချိန်းလိုက်တာနဲ့  လေးထောင့်တွေဘဲ ဖြစ်နေတယ်....



Samsung Android Version 4.3 နှင့် အထက်မြန်မာစာတွေ မှန်စေဖို့ အတွက် ကို Kyaw Swar Thwin ဖန်တီးထားတဲ့ .bat ဖိုင်လေးပါ... ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ထားပြီး (Driver တော့ရှိရပါမယ်) .bat ဖိုင်လ်လေးကိုRight Click > Run as administrator နဲ့ Run ပေးလိုက်တာနဲ့ အလိုလျောက် မြန်မာစာတွေ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်...။

ပထမဆုံး  အောက်ကဆော့ဝဲလ်လေးကို ဒေါင်းလိုက်ပါနော်
http://my.pcloud.com/#page=publink&code=h90

 ဒေါင်းလိုက်ပါနော် အဲမှာ download file ဆိုတာလေးကိုကလစ်ဒေါင်းပါ။
ရလာတဲ့ zip ဖိုင်လေးကို မိမိတို့ ကွန်ပျူတာမှာ ဖိုင်ဖြေပေးလိုက်ပါနော်..
နောက် အဲထဲက ပါလာတဲ့ .bat ဖိုင်လေးကို run ပေးလိုက်ပါ... ဖုန်းကို တချက်ကြည့်ပါ... ပေါ်လာတဲ့ပုံလေးကိုဘဲ  Grant ဆိုတာကလစ်ပေးလိုက်ပါ.. နောက် ပါဝါကျသွားမယ်...
ပြန်တက်လာတာနဲ့ .ဖလမ်းဖလမ်း ဗျို့.......

 ကိုဝင်း (ခ) ၀င်းကမ္ဘာကျော်
အားအထူးကျေးဇူးတင်ကြောင်း

No comments:

Post a Comment